ကျွှန်တော်တို့တွေ Internet ကိုစတင်အသုံးပြုပြီးဆိုထဲက G-talk ဆိုတာကို လူတိုင်းသုံးကြမှာပါ။ကျွှန်တော် တို့ အသုံးပြုနေတဲ့ G-talk ကို အောက်ကနည်းအတိုင်း Keyboard လေးနဲ့ အလွယ်တကူအသုံးပြုကြရအောင်ဗျာ.......
- Typing ရိုက်နေရင်နဲ့ G-talk မှ ခေါ်ဆိုချင်တယ်ဆိုရင်တော့ F 11 ကိုနှိပ်ပါ။
- G-talk မှ ခေါ်ဆိုထားတာကိုပိတ်ချင်ရင်တော့ F 12 ကိုနှိပ်ပါ။
- Typing ရိုက်နေရင်နဲ့ Mail ဝင်လာတာကိုစစ်ချင်ရင်တော့ F 9 လေးကိုနှိပ်ပါ။
- Ctrl+ Mouse wheel up/down ကိုအသုံးပြုပြီး Chat Box ထဲ က Font size ကို လဲပြောင်းနိုင်ပါတယ်။
- Window တွေကို minimize လုပ်ဖို့က Alt+ Esc ကိုနှိပ်ပါ ။ Esc ကတော့ ပြောနေရင်းနဲ့ Chat Box ကိုပိတ်တာပါ ။
- Tab ကတော့ ပြောနေတဲ့ Chat Box ကိုတစ်လှည့်စီပြောလို့ရပါတယ်။
- Alt+Tab ကတော့ဖွင့်နေရင်နဲ့ Chat တွေ Firefox တွေကိုပြောင်းလို့ရပါတယ်။( Mouse သုံးစရာမလိုတော့ဘူးပေါ့)
- Ctrl+Tab ကတော့Firefox ကို New Tab နဲ့ဖွင့်ထားရင်းပြောင်းလို့ရပါတယ်။
- Ctrl+C ကCopy ၊ Ctrl+V က Paste ဖြစ်ပါတယ်။
- G-talk က notification area ထဲရောက်နေရင် Windows key+Esc နဲ့ပြန်ခေါ်နိုင်ပါတယ်။
- G-talk ဖွင့်လို့ Mail Box ကလေးတက်လာရင် Right Click နဲ့ပိတ်လိုက်ပါ။
- Message အသစ်အတွက်အကြောင်းကြားတဲ့ Window တွေကိုလည်း Right Click နှိပ်ပြီးပိတ်လို့ရတယ် ။
- Window+M ကိုနှိပ်ပြီး Firefox ကို minimize လုပ်ထားလို့ရပါတယ် ။ Windows+Shift+M ကိုနှိပ်ပြီးဖွင့်လိုက်ယုံပါပဲ။
- ဒါကတော့ဗဟုသုတအနေနဲ့ ပါ ။သိပြီးသားသူတွေလဲရှိမှာပါ ။မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်လိုက်တာပါ ။ ပျော်ရွင်ပါစေ................
Post a Comment