လက်တော့(ပ်)Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ....


အခုပြောပြမယ့် အကြောင်းအရာလေးကေတော့ ပျက်နေတဲ့ Laptop တွေကိုဘယ်လို့ Troubleshoot လုပ်ရမလဲ ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့အကြောင်းအရာလေးပါ။Laptop ရဲ့ Power Adapter  ကို Plug ထိုးပြီး Power button ကိုဖွင့် လိုက်တဲ့အခါမှာ အားလုံးဟာ ဘာSign မှမပြဘူး။ Laptop မှာ ပုံမှန် အသံတွေလည်မကြားရ။LED ကလည်း မလင်း၊ Fan ကလည်းမလည်၊ Screenကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူး ဆိုုရင်တော့ သေချာ သလောက် ၄င်း Laptop ပျက်နေပါပြီး။ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ ။သူငယ်ချင်းတို့ ရေစလိုက်ကြရအောင်ဗျာ။..............



နံရံက Wall Outlet က ကောင်းရဲ့လားသေချာအောင်လုပ်ပါ။ ၄င်းအပြင် Laptop DC Adapter က Power ကနေ ရနေရဲလားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outletတစ်ခုကိုပြောင်း တပ်ကြည့်ပါ။

Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့ စမ်းသပ်နိူင်ပါတယ်။

DC Adapter ကကောင်းတယ် ၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၄င်းနောက် Battery ကိုဖြုတ်ပါ။ ၄င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊နှစ်မိနစ်လောက် ခဏ ထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကိုပြန်ဖွင့်ကြည့်ပါ။



ဒါမှမဟုတ် မိမိစမ်းသပ်််််တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေ တာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီ ကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။


Problem2


Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေ ကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။


ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။


Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေ တာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထား တယ် ဆိုပေမယ့် လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။


ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေ ကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။


နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။


External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှား ယွင်းနေ တာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆို ရင် နောက် တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။


အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။


နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။


အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း   ကောင်းကောင်း အလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။


Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း


ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံး မပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစား ထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်း ဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ 


Network Port ပျက်စီးခြင်း


Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက် ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင် ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။



USB Port ပျက်နေခြင်း


Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင် တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လို အသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။




Internal Wireless (Wi-Fi) Card ပျက်စီးခြင်း


အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချိုု့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချိုု့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုး လိုက်လို့ ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။



Internal Flash Memory Card Reader ပျက်နေလျှင်


အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကို၀ယ်ပြီး အသုံးပြုလို့ရပါတယ်။



Internal CD/DVD Drive ပျက်နေခြင်း


Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။


0 Comments

Post a Comment

Post a Comment (0)

Previous Post Next Post